Wednesday, January 14, 2009

လမ်းမှား



စားတာက ဆန်ပြုတ်၊
ဝတ်တာက ဗေထုတ်၊
နေတာက တဲစုတ်၊
ဘ၀က သုည၊
အလုပ်က နတ္တိ၊
ပညာက ဗလာ၊
ပုခုံးတွေသာ အသားမာတက်၊
ဆင်းရဲတွင်းက နက်စဲ.....။


ဝန်နဲ.အား မမျှတဲ့ကြား၊
ကုန်ဈေးနှုံး တက်သွားခဲ့တော့၊
အနာဂတ် ခွက်စုတ်တလုံးထဲ၊
သူဘ၀ ရေစုန်မမျောချင်တော့လို.၊
သူ.ကိုယ်သူပဲ.....၊
အဆုံးစီရင်လိုက်တော့တယ်။

(ကုန်ဈေးနှုံးကြီးမြင့်မှုကြား ရွှေတိဂုံဘုရားတွင် မိမိကိုယ်မိမိအဆုံးစီရင်သွားသော လူငယ်တဦးအား ခံစားရေးဖွဲ.ပါသည်။)

ဇွဲမာန်(13.12.2008)

ကိုဇွဲမာန်မှ မျှဝေခံစားသည်။

0 comments:

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ်မြဲပါစေ © 2008. Template Design by komaw