စားတာက ဆန်ပြုတ်၊
ဝတ်တာက ဗေထုတ်၊
နေတာက တဲစုတ်၊
ဘ၀က သုည၊
အလုပ်က နတ္တိ၊
ပညာက ဗလာ၊
ပုခုံးတွေသာ အသားမာတက်၊
ဆင်းရဲတွင်းက နက်စဲ.....။
ဝန်နဲ.အား မမျှတဲ့ကြား၊
ကုန်ဈေးနှုံး တက်သွားခဲ့တော့၊
အနာဂတ် ခွက်စုတ်တလုံးထဲ၊
သူဘ၀ ရေစုန်မမျောချင်တော့လို.၊
သူ.ကိုယ်သူပဲ.....၊
အဆုံးစီရင်လိုက်တော့တယ်။
(ကုန်ဈေးနှုံးကြီးမြင့်မှုကြား ရွှေတိဂုံဘုရားတွင် မိမိကိုယ်မိမိအဆုံးစီရင်သွားသော လူငယ်တဦးအား ခံစားရေးဖွဲ.ပါသည်။)
ဇွဲမာန်(13.12.2008)
ကိုဇွဲမာန်မှ မျှဝေခံစားသည်။
အတုမရှိဗုဒ္ဓမြတ်စွာ
အဓိဋ္ဌာန်
ပထမ ရွှေကျင်ဆရာတော်ကြီး သြ၀ါဒ
ကာလကို လူမစားလျှင် လူကို ကာလစားသည်။
သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီးမလောင်၊
ဒုတ် လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
မဟာဂန္ဓာရုံဆရာတော်ကြီး သြ၀ါဒ
အကျိုးမထွက်၊ ထိုနေ့တွက်၊သက်သက် ၀မ်းနည်းဖွယ်။
ယောဆရာတော်ကြီး သြ၀ါဒ
သရဏဂုံ၊ စိတ်ဝယ်ထုံ၊လုံခြုံအေးမြသည်။
ငါးပါးသီလ၊ စောင့်ထိန်းက၊ဘ၀ခန္ဓာလုံခြုံသည်။
မေတ္တာတရား၊ အစဉ်ပွား၊စွမ်းအားပိုင်ရှင်ဖြစ်ရသည်။
အနိစ္စဟု၊ မြင်အောင်ရှု၊ပူမှုကင်းလွတ်သည်။
တရားငါးမျိုး၊ လူ့တန်ခိုး၊ကောင်းကျိုးစည်ပင်သည်။
မဇ္ဈိမဂုဏ်ရည်ဆရာတော်
{ဘုရားနဲ့ သံဃာတွေ ကြွတယ်ဆိုတာ လူသားတွေရဲ့ သောက၊ဒုက္ခတွေ ကင်းဝေးဖို့ကြွရတာပါ။ ကျန်တဲ့ ရည်ရွယ်ချက်မပါဘူး။ လူသားတွေ တရားထူးတရားမြတ် ရမယ်၊ လူသားတွေ သောကအပူတွေကင်းမယ်၊ ဒုက္ခဆင်းရဲတွေ လွတ်မြောက်မယ်ဆိုရင် "ဘုရားနဲ့ ဘုန်းကြီး" ဆိုတာ ၀ါသနာပါတတ်ပါတယ်}
U Gambira
ရွှေဝါရောင်တော်လှန်ရေး
ဓမ္မစာမျက်နှာများ
မကြောက်ကြနဲ့
ဒို့ဘိုးဖွားခေတ် ကျွန်ပင်ဖြစ်လဲ၊
မဟုတ်မခံ နောက်မချန်ဘဲ၊
မကြောက်မရွံ နောက်မတွန့်ခဲ့။
သားမြေဒို့ခေတ် သခင်ဖြစ်မှ၊
သတ်ခံဖြတ်ခံ ပစ်ခတ်ခံနှင့်၊
ထိုးခံနှက်ခံ နှိက်စက်ခံဟု၊
ခံခဲ့ချည်းသာ နေကြပါမူ၊
နဂါးသော်ဘိ မြွေငယ်ဧ။်သို့
မြန်မာဆိုတာ လူတကာက
ကျွန်သဘောက်ဖွား ငကြောက်များဟု၊
မလောက်မလား ထင်မှောက်မှားလိမ့်။
သကျ-ရဟန်းပျိ
နည်းပညာဘလော့များ
မကြာခဏရောက်ဖြစ်တယ်
အဖွဲ့အစည်းများ
သတင်းဌာနများ
မြန်မာ့အတင်းဌာနများ
Wednesday, January 14, 2009
လမ်းမှား
နိယာမ
မူလရုပ်သွင် ချိုပြုံးရွှင်နှင့်၊
တေးသံလဲသာ အဆင်းဝါလည်း၊
ရန်ဘေးသတ္တု ရှိခဲ့လျှင်မူ၊
ရဲစိတ် ရဲမာန် ရဲဟန်ပန်နှင့်၊
ခွပ်ဒေါင်းအမှန် သိစေမြဲ။
မူလရုပ်သွင် ချိုပြုံးရွှင်နှင့်၊
ပညာကြိုးစား ဒို.ကျောင်းသားတို.၊
ဟုတ်တိုင်း မှန်ရာဆိုရပါမူ၊
ရဲစိတ် ရဲမာန် ရဲဟန်ပန်နှင့်၊
ခွပ်ဒေါင်းအလံ လွှင့်ထူမြဲ။
ဇွဲမာန်(13.12.2008)
ကိုဇွဲမာန်မှ မျှဝေခံစားသည်။
Type the rest of your post here.
Sunday, January 11, 2009
ဒေါင်းတို့ တေးသံ
အိုးဝေ.....အိုးဝေ.....
သံသာ ဟစ်ကျွေး၊
ဒေါင်းတို့ တေးလေး၊
မနေ့က ရှိခဲ့ဘူးတယ်။

အိုးဝေ...အိုးဝေ...
အားမာန်နဲ့ ဟစ်ကြွေး၊
ဒေါင်းတို့ရဲ့ တေးလေး၊
ဒီနေ့လဲ ရှိနေတယ်။
အိုးဝေ...အိုးဝေ...
မရိုးနိင်စွာ ဟစ်ကြွေး၊
ဒေါင်းတို့ တေးလေး၊
မနက်ဖြန်လဲ ရှိနေအုန်းမယ်။
အချိန်တွေ ရွေ့လျှား၊
ဒေါင်းပျိုတွေ သေသွား၊
ကြွေသွားကြပေမဲ့၊
တေးသံက သာစဲ၊
ပိုလို.သာ မြည်မြဲ......။
ဇွဲမာန်
ကိုဇွဲမာန်မှ မျှဝေခံစားသည်။
Monday, January 5, 2009
အကျိုးစီးပွား ရှာဖွေကြသူများ ဤသို့ကွဲပြား၏

လောက၌ မည်သည့် သတ္တဝါမဆို ချမ်းသာလိုကြသည်ချည်းဖြစ်လေရာ လူသည်လည်း သတ္တဝါအစုတွင် ပါဝင်သဖြင့် ချမ်းသာလိုကြ သည်ပင် ဖြစ်၏။ ထိုကြောင့် လူသည် မိမိဘဝ ချမ်းသာဖို့အတွက် မလွဲမသွေ ရှာဖွေအားထုတ်ရမည်ဖြစ်သည်။
ထိုသို့ ဘဝ၏ချမ်းသာခြင်းကို ရှာဖွေအားထုတ်ရာတွင် လောဘအပေါ် အခြေတည်၍ အားထုတ်သည်လည်း ရှိသလို အလောဘအပေါ် အခြေတည်၍ အားထုတ်သည်လည်း ရှိကြ၏။ မည်သို့သော နည်းလမ်းဖြင့် ရှာဖွေအားထုတ်သည် ဖြစ်စေကာမူ ရည်မှန်းချက်ပန်းတိုင် သည်ကား မိမိတို့ဘဝချမ်းသာမှု (ဝါ) ဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင် တည်ဆောက်လိုခြင်းပင် ဖြစ်သည်။ ဘဝဖွံ့ဖြိုးတိုးတက်ခြင်းဟူ သည် အကျိုးစီးပွား များပြားမှု အပေါ်တွင် အခြေတည်၏။ ထို့ကြောင့် မိမိတို့ဘဝ ဖွံဖြိုးတိုးတက်ဖို့အတွက် အကျိုးစီးပွား တိုးများအောင် ကြိုးစား အားထုတ်ကြခြင်းဖြစ်၏။ သို့ဖြစ်၍ အကျိုးစီးပွားတည်းဟူသော ဘုံရည်မှန်းချက် ပန်းတိုင်ချင်း တူညီကြသည်ဟု ဆိုဖွယ်ရာရှိ၏။
ထိုသို့ ဘုံရည်မှန်းချက်တူ အကျိုးစီးပွားကို ရှာဖွေရာတွင် ငါ့အတွက်၊ ငါ့မိသားစုအတွက် စသဖြင့် ငါကောင်းစားဖို့တည်းဟူသော ရည်ရွယ် ချက်များဖြင့် ရှာဖွေခြင်း ဖြစ်ပါက ထိုရှာနည်းသည် မိမိ၏ (အတ္တ)လောဘကို အခြေခံသည်။ လောဘကို အခြေခံသည်ဖြစ်၍ အကုသိုလ် အရင်းပြု၏။ အကုသိုလ်အရင်းပြု၍့ရသော ကိုယ်ကျိုးစီးပွားသည်လည်း အကုသိုလ်ဝန်းရံနေပေလိမ့်မည်။ အကုသိုလ်ဝန်းရံနေသည် ဖြစ် သဖြင့် တရားမျှတစွာ ရှာဖွေ၍ရရှိသော အကျိုးစီးပွား ဖြစ်ဖို့ရန် အခွင့်အလမ်းနည်း၏။ သို့ဖြစ်၍ စစ်မှန်သော ချမ်းသာဟု ဆိုနိုင်မည် မဟုတ်။
အလောဘကို အခြေခံ၍ အကျိုးစီးပွားကို ရှာရာ၌ကား တမျိုးဖြစ်၏၊ အစကတည်းကပင် သူသည် နဖူးမှချွေး ခြေမထိကျအောင် အပင်ပန်း ခံကာ ရှာဖွေပါသော်လည်း သူ၏ ကိုယ်ကျိုးစီးပွားအတွက် မရည်ရွယ်ဘဲ အများသူငှာ အကျိုးစီးပွားအတွက် ရည်ရွယ်ချက်အရင်းခံရှိ၏။ ထို သို့ ရည်ရွယ်ချက်အရင်းခံသည်လည်း ကိုယ်ကျိုးမဲ့မဟုတ်၊ အများတည်းဟူသော အကျိုးစီးပွားအတွင်း၌ မိမိအကျိုးစီးပွားသည်လည်း ပါ ဝင်နေကြောင်း ကောင်းကောင်းနား လည်ထားကြပြီးဖြစ်သည်။ ထိုသို့ နားလည်ကြသည်ဖြစ်၍ ငါတည်းဟူသော အတ္တ(ဝါ) တဏှာလော ဘကို တတ်နိုင်သလောက် ပယ်သတ်ပြီးဖြစ်၏။ တဏှာလောဘကို ပယ်သတ်နိုင် သည်နှင့်အမျှ သောကငြိမ်း၏၊ သောကငြိမ်းသည်နှင့်အ မျှ စိတ်ပေါ့ပါးချမ်းသာ၏။ စိတ်ပေါ့ပါး ချမ်းသာသည်နှင့်အမျှ “စိတ်ပျိုတော့ ကိုယ်နု” ဆိုသည့် စကားရပ်အရ ဆိုလျှင် ရုပ်လည်း ချမ်းသာ မည်ဖြစ်သည်၊ သို့ဖြစ်ရကား စစ်မှန်သော ဘဝချမ်းသာကို ရှာဖွေနေကြ သည်ဟု အမည်ပြုအပ်၏။
လောက၌ အသက်ရှင်နေသရွေ့ကာလပတ်လုံး လူသည် မိမိဘဝချမ်းသာရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့ လုပ် ဆောင်ရာ၌ ကိုယ်အားဖြင့် လုပ်ရသည်လည်း ရှိ၏၊ စိတ်အားဖြင့် လုပ်ရသည်လည်း ရှိနိုင်၏၊ နှုတ်အားဖြင့်လုပ်ရသည်လည်း ရှိနိုင်၏၊ မည် သို့ပင်ရှိရှိ အလုပ်ကို တမျိုးမဟုတ် တမျိုးတော့ မလျော့သောဇွဲလုံ့လဖြင့် လုပ်ရမည်သာဖြစ်သည်၊ ထိုသို့လုပ်ရာတွင် တကယ်တမ်း စစ်မှန် သော ဘဝချမ်းသာကို ရချင်ရိုးမှန်ပါလျှင် ငါကောင်းစားရေးအတွက် လောကကို အသုံးမချဘဲ လောက ကောင်းစားရေးအတွက် ငါကိုအ သုံးချဖို့လို၏။ လောကကောင်းစားရေးအတွက် ငါကိုအသုံးချခြင်းသည် မြတ်ဗုဒ္ဓ၏ ကျင့်စဉ်နှင့် ထပ်တူကျသည့် အဆုံးအမပင်တည်း။
လက်တွေ့အားဖြင့် အမိမြန်မာပြည်ကိုကြည့်လျှင်မူ အကျိုးစီးပွားကို ရှာဖွေနေကြသည့် လူသတ္တဝါချင်း တူပါသော်လည်း ရှာဖွေပုံရှာဖွေ နည်းနာအရ ကွဲပြားမှုတွေ များစွာရှိနေကြ၏။ ၄င်းတို့အထဲမှ အထင်ကရအားဖြင့် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစား နှစ်ရပ်အတွင်း၌ တွေ့မြင်နိုင်သည်။
အုပ်ချုပ်သူလူတန်းစားများဖြစ်နေသည့် စစ်ဗိုလ်တစုသည် မိမိတည်းဟူသော ကိုယ်ကျိုးစီးပွားအတွက် အများသူငှာ၏ အကျိုးစီးပွားများ ကို စတေးစေကာ အဓမ္မ ဗိုလ်ကျအနိုင်ကျင့်နေကြသည်။ ၄င်းတို့၏ အာဏာကို ထိပါးလာသူ မည်သူ့ကိုမဆို ညှဉ်းဆဲသတ်ဖြတ်ဖို့ရန် အ သင့်ရှိနေကြ၏။ ၄င်းတို့ ကိုးကွယ်ဆည်းကပ်ရာသည် အာဏာပါဝါဖြစ်သည်ဟုသာ နားလည်ထားကြသည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင် ယုံကြည်ကိုးကွယ်ပါသည်ဟု ဆိုကာ လူသိရှင်ကြား အကျယ်တဝင့်ပြောဆိုနေသော ဗုဒ္ဓဘာသာ သာသနာကိုပင် မထေမဲ့မြင်ပြု အံတု၍ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အား သတ်ဖြတ်ညှဉ်းဆဲကာ ထောင်သွင်းအကျဉ်းချနေကြသည်။ ထိုအပြင် ရေရှည် ဗိုလ်ကျအနိုင်ကျင့် ခြင်းဖြင့် ကိုယ်ကျိုးစီးပွားရှာဖွေနိုင်ရန်အတွက် လမ်းစဉ် (၇) ရပ် ချမှတ်ကာ ဖွဲစည်းပုံအခြေခံဥပဒေကိုလည်း အဓမ္မ အတည်ပြုပြဌာန်း ခဲ့သေး၏။ အထင်အရှား ပေါ်လွင်ခဲ့သည်ကား နာဂစ်ဘေးဆိုးကြီးကျရောက်ကာ တိုင်းသူပြည်သားများ အတိဒုက္ခ ရောက်ကြရပါသော် လည်း ဂရုမစိုက်အားဘဲ မိမိတို့ ရေရှည် ဗိုလ်ကျအနိုင်ကျင့်နိုင်ရေးကိုသာ ကြိုးစားအားထုတ်ခဲ့ကြခြင်းဖြစ်သည်။
ဗိုလ်ကျအနိုင်ကျင့်ဝါဒဟူသည် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်လာသော ဝါဒပင်ဖြစ်၏။ ထိုကြောင့် မည်သည့်လူ သားမဆို ကိုယ်ကျင့်သိက္ခာကင်းမဲ့သော ပတ်ဝန်းကျင်တွင် မနေလိုကြခြင်းဖြစ်သည်။ သို့သော် မျက်မှောက်ကာလ၌ကား အဖိနှိပ်ခံ ပြည် သူများအနေဖြင့် ဖိနှိပ်ဗိုလ်ကျခံရမှု သံသရာ၌ ပို၍နစ်မွန်းကာ ကျပ်တည်းခက်ခဲလာစေခဲ့၏။ ထိုအပြင် ကမ္ဘာကြီးတခုလုံး တုန်လှုပ်ခြောက် ခြားဖွယ်ရာ ထောင်ချပွဲကြီးကိုလည်း လတ်တလောကာလ၌ စစ်ဗိုလ်တစုက အကြီးအကျယ် ဆင်နွှဲနေလေသည်။
ကြီးမားသော ရာဇဝတ်မှုကို ကျုးလွန်သည့် ရာဇဝတ်သားလူမိုက်များအား အပြစ်ပေးရာတွင်ပင် မကြားခဲ့ မနာခဲ့ရသော တရားစီးရင်ရေး ဥပဒေပုဒ်မပေါင်းများစွာဖြင့် စွပ်စွဲပုတ်ခတ်ကာ ကာယကံရှင် အကျဉ်းစံ ခေါင်းဆောင်တို့ နေနိုင်ဖို့ရန် ကျန်ရှိသည့် သာမာန်လူ့သက်တမ်း ထက်မကသော ထောင်ဒဏ်များကို ချမှတ်၍ နိုင်ငံ့အစွန်းအဖျား အကျဉ်းထောင်များသို့ အဓမ္မ ပို့ဆောင်နေကြသည်။ ထိုသို့ ပို့ဆောင် လိုက်ခြင်းအားဖြင့် ကာယကံရှင် အကျဉ်းစံများတွင် ထောင်တွင်း၌ အမျိုးမျိုးသော ညှဉ်းပန်းနှိက်စက်မှုများကြောင့် ပင်ပန်းဆင်းရဲမှုဒါဏ်၊ ရေခံမြေခံ မတူညီသောကြောင့် ကျန်းမာရေးဆိုးဝါးစွာ ခံစားရသည်ဒါဏ်များအပြင် ပုံမှန်ထောင်ဝင်စာတွေ့ကာ ဂရုတစိုက်ပြုစုနေကြသည့် မိသားစုအားလည်း စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ တပြိုင်နက်မှာပင် ညှဉ်းပန်းနှိက်စက်တာ ခံရပြီးသားဖြစ်စေခဲ့၏။
လူဟူသည်မှာ မိမိတစ်ယောက်တည်းနေ၍ ရသည်မဟုတ်၊ လူ့ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းမှာနေမှ သင့်တော်သည့် သတ္တဝါမျိုးဖြစ်၏။ အနီးဆုံး ပတ်ဝန်းကျင်ဖြစ်သည့် မိမိ၏အိမ်တွင်း၌ပင် မိမိအပြင် အခြား အိမ်သူအိမ်သားများ ရှိကြသေး၏။ ထို့ကြောင့် မိမိအနေဖြင့် အခြား သော အိမ်သူအိမ်သားများအပေါ် စိတ်မချမ်းမသာ မဖြစ်ရလေအောင် (ဝါ) အခြားသူများ၏ အကျိုးစီးပွားကို မထိခိုက်ရလေအောင် ဆက် ဆံဖို့လို၏။ အကယ်၍ မိမိ၏ အိမ်သူအိမ်သားများအပေါ် စိတ်မချမ်းမသာဖြစ်သွားအောင်၊ ထိုသူတို့၏ အကျိုးစီးပွားကို ထိခိုက်သွားအောင် ဆက်ဆံမိမည်ဆိုပါလျှင် ဗုဒ္ဓဒေသနာတော်အရ မိမိ၏ ကိုယ်ကျင့်သိက္ခာ ညစ်နွမ်းသွားနိုင်သည်။
အလားတူပင် မိမိအိမ်၏ ပြင်ပ၌လည်း အခြားသူများ ရှိကြသေး၏။ ထိုကြောင့် ထိုသူများနှင့် ဆက်ဆံရသောအခါ ထိုသူများ စိတ်မချမ်းမ သာ ဖြစ်မသွားရလေအောင် ထိုသူများ၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရန် သတိပြုဆက်ဆံဖို့လို၏။ အကယ်၍ ထိုသူများ စိတ်မချမ်းမသာဖြစ်သွားအောင် ဆက်ဆံမိပြီဆိုပါလျှင် ကိုယ်ကျင့်သိက္ခာရှုထောင့်အရ မိမိသည် လူညံ့သာဖြစ်၏၊ မယဉ်ကျေးသူသာ ဖြစ်ပေလိမ့်မည်။
လင်းတငှက်သည် အကောင်ပုပ်ကို နတ်သုဒ္ဓါဟု ထင်သကဲ့သို့ ဝက်တိရစ္ဆာန်သည် မစင်ပုပ်ကို နှစ်လိုဖွယ်ရာ အစားအစာဟု မှတ်ယူသကဲ့ သို့ အာဏာရှင် စစ်ဗိုလ်တစုသည်လည်း ပြည်သူပြည်သား လူအများတို့အား ကိုယ်ရောစိတ်ပါ မချမ်းသာရလေအောင် ညှဉ်းဆဲသတ် ဖြတ်ပြီးမှ ရယူထားသော အာဏာအစရှိသော ကိုယ်ကျိုးစီးပွားတို့ကိုလည်း နှစ်လိုဖွယ်ရာ အဆင်တန်ဆာအဖြစ် ထင်မှတ်ကာ ကျေနပ်နေ ကြ၏။ ထိုသို့ ကျေနပ်နေကြသည်ဖြစ်၍ အကုသိုလ် တိုးပွားရာတိုးပွားကြောင်း မြေသြဇာကောင်းများဖြင့် မိမိတို့ ကိုယ်ကျိုးစီးပွားတည်း ဟူသော အကုသိုလ်ပင်စည်ကြီး ရှင်သန်ကြီးထွားစေရန် ကြံဖန်နေကြကုန်၏။
လောက၌ သဘာဝအားဖြင့် အသာစံခြင်းနှင့် အနာခံခြင်းဟူ၍ နှစ်မျိုးရှိလေရာ အနာခံခြင်းဟူသည်မှာ လွယ်ကူသော အလုပ်မဟုတ်၊ တ ကယ်တမ်းမြင့်မြတ်သူတို့သာ လုပ်နိုင်သော အလုပ်မျိုးဖြစ်သည်။ (အတ္တ)လောဘအမှူးရှိသော ကိလေသာများကို တတ်နိုင်သလောက် ပါးအောင် ကျင့်နိုင်ပါမှဖြစ်၏၊ ကိလေသာပါးလာသည်နှင့်အမျှ အနာခံခြင်းသည်လည်း တိုးပွားလာမည်ဖြစ်သည်။
ဤကဲ့သို့ မြင့်မြတ်သူတို့သာ အစဉ်တစိုက် လုပ်နိုင်ပါသည်ဟုဆိုသော အနာခံခြင်း (ဝါ) ပေးဆပ် ခြင်းလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်နေကြသူများသည် ယနေ့မြန်မာပြည်၌ အများအပြားရှိကြကုန်၏။ ထိုသူများသည် အဖိနှိပ်ခံပြည်သူဘက်မှ ရဲဝံ့စွာ ရပ်တည်နေ ကြသူများဖြစ်သည်။ ထိုသို့ အဖိနှိပ်ခံပြည်သူဘက်မှ ရပ်တည်ရင်ဆိုင်နေခြင်းသည် အများစုထဲ၌ သူလိုကိုယ်လို သာမာန်ရပ်တည်နေ ကြခြင်းမဟုတ်၊ ရှေ့တန်းမှ ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဦးဆောင်ရပ်တည်ခြင်းမျိုးဖြစ်၏။
ထိုသူတို့သည် မိမိတို့ တခဏတာရရှိလာသည့် လူ့ဘဝသက်တမ်းကာလ အတိုလေးအတွင်းမှာပင် အမျိုးဘာသာ သာသနာအကျိုး၊ တိုင်း ကျိုးပြည်ကျိုးတို့အား အနှစ်သာရရှိရှိဖြင့် ရှင်သန်ကြီးထွားအောင် မိမိအတွက် မိမိမိသားစုအတွက်တည်းဟူသော ရည်မှန်းချက်တစုံတရာ မရှိဘဲ ကြိုးစားအား ထုတ်နေကြသည်။ ထိုသို့ ကြိုးစား အားထုတ်ရာတွင်လည်း တရားဓမ္မ နည်းလမ်းများအရ အကြမ်းမဖက် သံမဏိစိတ် ဓါတ်ဖြင့် အများသူငှာ၏ အကျိုးစီးပွားတို့အား ထိခိုက်နစ်နာမှု မရှိရလေအောင် ကိုယ်ကျိုးစွန့်အနစ်နာခံကာ လုပ်ဆောင်နေ၏။ သို့ဖြစ်၍ ထိုခေါင်းဆောင်တို့၏ လုပ်ရပ်သည် မြတ်ဗုဒ္ဓအလိုတော်ကျ မေတ္တာဝါဒ၌ အကျုံးဝင်သည်။ မေတ္တာဝါဒ၌ အကျုံးဝင်သည်ဖြစ်ရကား အကျိုး မဲ့ ရှုံးနိမ့်ရခြင်းအလျဉ်းမရှိ။ အကျိုးအမြတ်ရှိရှိ ပိပိရိရိနဲ့ အောင်မြင်ခြင်းသာ ဖြစ်ကောင်းရာ၏။
အမှန်အားဖြင့် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ လူတန်းစားနှစ်ရပ်အကြား အချင်းချင်း ဆက်ဆံရာတွင် တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့ ရှင်သန်ကြီးထွားရာ လူ့ဘောင် လူ့လောကကြီး ငြိမ်းချမ်းသာယာရေးအတွက် ရှေးရှုပြီး အချင်းချင်း ကြင်နာဖို့လို၏၊ အနစ်နာခံဖို့ လို၏၊ တဖက်သား၏ အကျိုးကို ရည်စူးဖို့လို၏။ ဤအင်္ဂါသုံးရပ်အပေါ် အခြေခံပြီး အချင်းချင်း ဆက်ဆံရာတွင် ကျင့်သုံးပါက ဗုဒ္ဓအဆုံး အမတော်အရ ကိုယ်ကျင့်သိက္ခာကို အနှစ်သာရအားဖြင့် ထိန်းသိမ်းပြီးသား ဖြစ်စေတော့မည်။ ထို့အပြင် မိမိ၏ အကျိုးစီးပွားကို ဆောင် သော သူများအပေါ် သက်ရောက်အားနှင့် တန်ပြန်သက်ရောက်မှုတို့၏ နိယာမအရ မည်သူမှ မငြိမ်းချမ်းအောင် ပြုလုပ်တော့မည်မဟုတ်၊ ထိုအခါ အချင်းချင်းဆက်ဆံရာ၌ လူမှု့ဆက်ဆံရေးသည် ချောမွေ့ပြီး တိုင်းပြည် (၀ါ) လောကကြီးသည် ငြိမ်းချမ်းသာယာပေ လိမ့်မည်။
ကိုမော် (14.12.2008)
ရိုးမ ၃ သတင်းဌာန
Saturday, November 29, 2008
အကျဉ်စံဓမ္မ၀ါဒီတို့၏ အနစ်နာခံပါရမီ
ကိုမော် ။ ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 17:59 - မြန်မာစံတော်ချိန်
သံသရာသက်တမ်းနှင့် နှိုင်းယှဉ်လိုက်လျှင် လူ့ဘ၀သက်တမ်းဟူသည် ရေပွက်ပမာ ခဏတာမျှသာဖြစ်၏။ ထိုသို့ ခဏတာ လူ့ဘ၀ကိုပင် ရဖို့ရာ မနုဿတ္တဘာဝေါ ဒုလ္လဘောဆိုသည့် ဗုဒ္ဓဒေသနာတော်အရ လွန်စွာပင် ခက်ခဲလှ၏။ ထိုမျှရခဲလှသော လူ့ဘ၀၏ တိုတောင်းလှသော ကာလအတွင်းမှာပင် လူတို့သည် သောကကို ရင်ဝယ်ပိုက်ပြီး လူ့ဘ၀ကို ဖြတ်သန်းနေကြရသည်ဆိုပါက ရခဲလှသော လူ့ဘ၀ကို ရလာရခြင်းသည် အဓိပ္ပာယ်ရှိတော့မည် မဟုတ်။
သို့သော် ယနေ့ အမိမြန်မာပြည်ရှိ လူသားများသည် လူရယ်လို့ စဖြစ်လာပြီဆိုကတည်းက လူသား၏ ရပိုင်ခွင့်၊ ရပ်တည်ရှင်သန်ပိုင်ခွင့်များကို ထိန်းချုပ်ခံနေရလေပြီ။ အာဏာမရှိသူ (၀ါ) မထိန်းချုပ်နိုင်သူသည် အာဏာရှိသူ (၀ါ) ထိန်းချုပ်နိုင်သူ၏ အလိုသို့ စေညွှန်ရာအတိုင်း လုပ်ဆောင်နေကြရ၏။ ထားရာနေ စေရာသွား ဘ၀မှာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ ထိုသို့ လူအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျမှုတွေကြောင့် လောကကြီး တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေ၏။
လောကဟုဆိုရာ၌ လောက၏ သဘောသဘာဝကို ဆရာကြီးဦးရွှေအောင်က ဘ၀ အမြင်သစ် စာအုပ်မှာ ဖွင့်ဆိုရာတွင် - - - လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုကို ဓမ္မဟု ခေါ်သည်။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုကို အဓမ္မဟု ခေါ်သည်။ ထိုကြောင့် ဓမ္မနှင့် အဓမ္မသည် လောက၌ ထာဝစဉ်ဆန့်ကျင်ကြ၏။ အချင်းချင်း ဆန့်ကျင်နေသောကြောင့်ပင် လောကသည် ဖြစ်ပေါ်နေခြင်းဖြစ်၏။ သို့ဖြစ်လေရာ လောကဟူသည် ဓမ္မနှင့် အဓမ္မတို့ စစ်ခင်းရာ စစ်မြေပြင်ဖြစ်၏ - - - ဟု ဖွင့်ဆိုထား၏။်
လောက၌ အဓမ္မ၀ါဒီများလွှမ်းမိုးနေသည့် ကာလသည် တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော်လည်း အနိစ္စသဘော (၀ါ) အပြောင်းအလဲဆိုသည့် သဘောတရားသည်လည်း အစဉ်အမြဲ ချဉ်းကပ်နီးစပ်နေလေ၏။
ယနေ့ကာလသည် အမိမြန်မာပြည်၌ ဓမ္မနှင့် အဓမ္မ၀ါဒီများ စီးချင်းထိုးရာ စစ်မြေပြင်သဖွယ် တစတစ ထင်ဟပ်ပေါ်လွင်လာခဲ့ပြီး ဖြစ်သည်။ စစ်အုပ်ချုပ်ရေး အာဏာယန္တရားဖြင့် တိုင်းသူပြည်သားများအား ထာဝစဉ် အနိုင်ကျင့်ဗိုလ်ကျနိုင်အောင် အစွမ်းကုန် ဖိနှိပ်ပြနေ၏။ ထေရ၀ါဒ ဗုဒ္ဓသာသနာကို မိခင်ဘာသာအဖြစ် ခေတ်အဆက်ဆက်က လွတ်လပ်စွာ ထွန်ကားတည်တံ့လာခဲ့ရာ အမိမြန်မာပြည်ရှိ သာသနာ့ဝန်ထမ်း ရှင်၊ ရဟန်းတို့၏ မျက်မှောက်ကာလ အခြေအနေသည် အနိုင်ကျင့် ဗိုလ်ကျခံ၊ စိုးမိုးချယ်လှယ်ခံ၊ သင်းကွဲနှိပ်ကွပ်ခံအဖြစ် ရပ်တည်နေကြရသည်။
ဒါယကာအရေး သာသနာ့ဘေးကို ကျရောက်လာနေသည့် အန္တရာယ်မှ ဗုဒ္ဓအလိုတော်ကျ မေတ္တာဝါဒဖြင့် ကာကွယ်သည့် ဗုဒ္ဓကိုယ်စား တပည့်သား သမ္မုတိသံဃာများကို သတ်ဖြတ်ညှင်းဆဲ လူဝတ်လဲကာ ထောင်သွင်းအကျဉ်းချနေ၏။ သာသနာကိုချစ်၊ သာသနာကို မြတ်နိုးကာ သာသနာအဆုံးအမတွေကို တန်ဖိုးထားပြီး သာသနာတော်ကြီး အဓွန့်ရှည် တည်တန့်ရေးအတွက် ရှုထောင့်ပေါင်းစုံမှ ကြိုးပမ်းထမ်းဆောင်နေကြသော သာသနာပြုပုဂ္ဂိုလ် ရဟန်းသာမဏေများအား သာသနာတော်ကို ဖျက်ဆီးသူ သာသနာတော်ကြီး၏ ရန်သူအဖြစ် စွပ်စွဲရှုတ်ချသည့်ပြင် စိတ်ကြိုက်ဥပဒေ၊ စိတ်ကြိုက်ပုဒ်မတွေကို အသုံးချပြီး ထောင်သွင်း အကျဉ်းချနေကြသည်။
ဗဟုဇနဟိတာယ ဗဟုဇနသုခါယ ဟူသည့် ဒေသနာတော်နှင့်အညီ တပည့် ဒါယကာ၊ ဒါယိကာမတို့ အကျိုးစီးပွားအလို့ငှာ၊ ချမ်းသာစေကြောင်းအလို့ငှာ သရဏဂုံဆောက်တည်ကာ မေတ္တာပို့သ စီတန်းလှည့်လည်ကြသော ဗုဒ္ဓကိုယ်စား သမ္မူတိ သံဃာတော်များကို ရိုက်နှက်သတ်ဖြတ်ခြင်းသည် သံဃာတည်းဟူသော ရတနာထက် အာဏာတည်းဟူသော ရတနာကို ကိုးကွယ်ဆည်းကပ်မိကြခြင်းကြောင့် ဖြစ်ဧ။်။ ထိုအာဏာ (၀ါ) လုပ်ပိုင်ခွင့်တွေကို မက်မော တွယ်တာမိသောကြောင့်ပင် အဓမ္မ၀ါဒီသမားတို့သည် လောကကြီး တခုလုံးအား ခုတုံးလုပ်ကာ အသုံးချနေကြသည်။
၎င်းတို့သည် ဘ၀ကို ကိုးကွယ်ရာအဖြစ်ဖြင့် ရှုမြင်ကာ ဖက်တွယ်ကိုးကွယ်နေကြ၏။ ထိုသို့ ဖက်တွယ်ကိုးကွယ်၍ အဓမ္မ၀ါဒများ ကျင့်သုံးပြီး ဗိုလ်ကျနှိပ်စက်သမှု ပြုနေကြသည့်အတွက် ၄င်းတို့၏ လူ့ဘ၀ကို ရလာရခြင်း ရောက်လာရခြင်း၏ ဘ၀အဓိပ္ပာယ် (၀ါ) လူ့သားတည်းဟူသော တန်းဖိုးကိုလည်း တပြိုင်တည်းမှာပင် စိုးစဉ်းမျှ မကျန်အောင် ကာယကံမြောက် ချေဖျက်ပြီးသား ဖြစ်နေစေ၏။
အမှန်အားဖြင့် လူသားတဦး၏ ဘ၀တန်ဖိုးကို ပုံဖော်ရာတွင် မိမိ၏ တခဏာတာ ရရှိရောက်ရှိလာသော လူ့ဘ၀ကို ကိုးကွယ်အရာအဖြစ်ဖြင့် ကိုးကွယ်ရမည်မဟုတ်၊ အသုံးချစရာအဖြစ်ဖြင့် အသုံးချရမည်ဖြစ်သည်။ အသုံးချစရာအဖြစ်ဖြင့် အသုံးပြုရာတွင်လည်း ငါတည်းဟူသော အတ္တအကျိုးစီပွားအတွက် ပဓာနမဟုတ်ဘဲ လောကတည်းဟူသော ပရအကျိုးစီးပွားအတွက်သာ ပဓာနဖြစ်စေရမည်ဖြစ်သည်။ သို့မှသာ လောကကြီး တည်ငြိမ်အေးချမ်းကာ သာယာဝပြောနေပေလိမ့်မည်။
များသောအားဖြင့် လောက၌ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တ၀ါပင် ဖြစ်စေကာမူ မိမိတို့၏ ဘ၀ကို တည်ငြိမ်အေးချမ်း စေချင်ကြသည်ချည်း ဖြစ်၏။ သို့မှသာ ရှင်သန်ရာ လူ့ဘ၀သည်လည်း တန်းဖိုးရှိရှိ ဖြတ်သန်းနိုင်မည်ဖြစ်သည်။ လူဖြစ်ရကျိုးလည်း နပ်ပေလိမ့်မည်။ ဗုဒ္ဓ၏ အဆုံးအမတော်အရ လူ့ဘ၀၏ အနှစ်သာရသည် ကောင်းကောင်းဝတ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းနေရခြင်းတို့ မဟုတ်။ ငြိမ်းချမ်းစွာ နေထိုင်ရခြင်းသာ ဖြစ်၏။ ရှေးပညာရှိ သူတော်ကောင်းတို့သည်လည်း လောကီဓမ္မ၊ လောကုတ္တရာဓမ္မတို့၌ ငြိမ်းချမ်းစွာ ကျင့်ကြံနေထိုင်ခြင်းဖြင့် လူ့ဘ၀၏ အနှစ်သာရကို သက်သေပြခဲ့ကြသည်။
ငြိမ်းချမ်းသာယာမှုဖြင့် လူ့ဘ၀၏ အနှစ်သာရကို ပုံဖော်ရာ၌ လူပုဂ္ဂိုလ် သတ္တ၀ါဟူသည် ပဓာနမဟုတ်၊ ဓမ္မနှင့် အဓမ္မသည်သာ ပဓာနဖြစ်သည်။ ထိုကြောင့် မိမိနေထိုင်ရာ သက်ဆိုင်ရာ ပတ်ဝန်းကျင်လောက၌ အဓမ္မ မထွန်းကားရလေအောင် ဆောင်ရွက်ရေးမှာ လူသားတိုင်း၏ တာဝန်ဖြစ်သည်။ ထိုတာဝန်အရ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ရာ၌ အနစ်နာခံမှုသည် အရေးကြီး၏။ အနစ်နာခံမှုရှိမှ အောင်မြင်မည်။
ယနေ့ အမိမြန်မာပြည်၌ အကျဉ်းကျခံ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားပြည်သူများသည်လည်း အနစ်နာခံခြင်းဖြင့် တိုင်းပြည်အကျိုးကို သယ်ပိုးနေကြသည်။ အဓမ္မ၀ါဒီအပေါ် ဓမ္မ၀ါဒီများ ကြီးစိုးဖို့ရန် သန္နိဌာန်ဖြင့် အနစ်နာခံနေကြသည်။ ထိုသူတို့သည် ဗုဒ္ဓအလိုတော်ကျ မေတ္တာတည်းဟူသော လက်နက်ကို စွမ်းသထက်စွမ်းအောင် တစတစ ကျင့်ယူနေကြ၍ ဓမ္မ၀ါဒီ ပီသစွာ ရပ်တည်နေကြ၏။
မြတ်စွာဘုရားရှင်၏ ကျင့်ထုံးကို ကြည့်မည်ဆိုပါလျှင်လည်း သုစရိုက်သည် အနစ်နာခံခြင်းသဘောကို ဆောင်၍ ပုညကိရိယသည် သူတပါး အကျိုးဆောင်ခြင်း သဘောကို သက်ရောက်၏။ ထို့ကြောင့် မြတ်စွာဘုရား၏ အလိုတော်ကျ လူသားတိုင်းတွင် အနစ်နာခံဖို့ တာဝန်ရှိ၏။ သူတပါးအကျိုးကို ဆောင်ရွက်ဖို့ တာဝန်လည်း ရှိသည်။ ထိုနှစ်မျိုးကို မိမိတို့ စွမ်းနိုင်သမျှ ဆောင်ရွက်မှသာလျှင် လောက၌ ဓမ္မကြီးစိုး၍ လောကကြီး ငြိမ်းချမ်းသာယာ ၀ပြောမည် ဖြစ်သည်။ အတ္တ၌ ဓမ္မကြီးစိုးခြင်း အခြေခံသည် လောက(၀ါ) ပရတွင် ဓမ္မကြီးစိုးမှုအား ကျေးဇူးပြု၏။ အတ္တ၏ ဓမ္မကြီးစိုးခြင်းဟူသည်မှာ မိမိ၏ ကိုယ်ကျင့်သိက္ခာကို စည်းစိမ် ဥစ္စာတို့နှင့်၎င်း၊ ရာထူးဌာနန္တရတို့နှင့်၎င်း၊ ဂုဏ်ပကာသနတို့နှင့်၎င်း မလဲခြင်းပင် ဖြစ်သည်။
ဗုဒ္ဓဒေသနာတော်အရ ဘုရားအလောင်းတော် ဘ၀များကိုကြည့်လျှင် အံချီးဖွယ်များနှင့် အတုယူဖွယ်ရာများစွာ တွေ့ရ၏။ လောကအပေါ် အဓမ္မ မထွန်းကားနိုင်ရေးအတွက် အနစ်နာခံပြီး ဆောင်ရွက်တော်မူသော ဘုရားအလောင်းသည် ငရဲလည်း ကျခဲ့၏၊ ဆင်လည်း ဖြစ်ခဲ့၏၊ နဂါးလည်း ဖြစ်ခဲ့၏၊ သို့ရာတွင် ထိုသို့ ကျူးလွန်ရာ၌ ဘုရားအလောင်းသည် လောက၌ ဓမ္မအပေါ် အဓမ္မက မလွှမ်းမိုးရလေအောင် မိမိကိုယ်ကို အနစ်နာခံပြီး ဆောင်ရွက်ခြင်းဖြစ်၏။ ဤသည်မှာ လောကသားတို့ တာဝန်ဖြစ်သည်။ ထိုတာဝန်ကို လောကသားတို့အနေဖြင့် မရှောင်လွဲအပ်။ မရှောင်လွဲအပ်သဖြင့် ထိုတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်လေသောကြောင့် ဘုရားအလောင်းသည် ဖြစ်လေရာ ဘ၀တို့၌ အထက်တန်းက အဖြစ်များ၏။ ငှက်ဖြစ်လျှင်လည်း ငှက်မင်း၊ ငှက်ပရောဟိတ်။ အခြားသော ဘ၀တို့၌လည်း ထိုနည်းတူ အထက်တန်းက အဖြစ်များ၏။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားလောင်းသည် မိမိ၏ ဘ၀ကို စတေးပြီး ဓမ္မဘက်က ရပ်တည်ခဲ့သောကြောင့် ဖြစ်၏။
ထို့ကြောင့် ဘုရားလောင်း၏ ထုံးကို နှလုံးမူ၍ လောက၌ ဓမ္မထွန်းကားပြီး အဓမ္မ ကွယ်ပျောက်ရလေအောင် မတတ်သာလျှင် မိမိတို့၏ ဘ၀ကို စတေးပြီး ဆောင်ရွက်ဖို့လိုပါသည်။
တာဝန်ဟူသည် ရှောင်၍ မရကောင်း။ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရာ၌ အနစ်နာခံနိုင်ခြင်းသည်ပင် ပါရမီ မည်ပါ၏။ ပါရမီဟူသည်လည်း အဟောသိကံ ဖြစ်ရိုးမရှိ။ ကမ္မနိယာမ အရဆိုလျှင် နိဗ္ဗာန်တိုင်အောင် အကျိုးပေးမည်ဖြစ်၏။
(အကျဉ်းကျခံ သံဃာ့ခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်များနှင့်တကွ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသည့် ဓမ္မ၀ါဒီများအတွက် လေ့လာမိသမျှ ဓမ္မစာအုပ် စာပေတချို့မှ ကိုးကားကာ ဂုဏ်ပြုရေးဖွဲ့ပါသည်။)
မဇ္ဈိမ သတင်းဌာနမှ ပြန်လည်ကူးယူဖော်ပြသည်
Wednesday, November 26, 2008
လာဟေ့မြန်မာ အိုမြန်မာတို့၊
ဒို့ဘိုးဘွားခေတ် ကျွန်ပင်ဖြစ်လဲ၊
မဟုတ်မခံ နောက်မချန်ဘဲ၊
မကြောက်မရွှံ နောက်မတွန့်ခဲ့၊
သားမြေးဒို့ခေတ် သခင်ဖြစ်မှ၊
အာဏာမက်ရှုး စစ်ဘီလူးကို၊
ကြောက်ရွှံနောက်ချန် မတော်လှန်ဘဲ၊
ငုံခံဒူးထောက် ပြားပြားမှောက်ခါ၊
သတ်ခံဖြတ်ခံ ပစ်ခတ်ခံနှင့်၊
ထိုးခံနှက်ခံ နှိပ်စက်ခံဟု၊
ခံခဲ့ချည်းသာ နေကြပါမူ၊
မြန်မာဆိုတာ လူတကာက၊
ကျွန်သပေါက်ဖွား ငကြောက်များဟု၊
မလောက်မလား ထင်မှောက်မှားက၊
ငါလဲရှက်ဖွယ် သင်ရှက်ဖွယ်တည့်။ ။
သကျ-ရဟန်းပျို
လာဟေ့မြန်မာ အိုမြန်မာတို့၊
မြန်မာပြည်ဖွား ဟူသည်ငြားက၊
ငါလဲမြန်မာ သင်မြန်မာတည့်၊
မြန်မာတို့ပိုင် ဒိုနိုင်ငံဧ။်၊
မြန်မာအရေး ဒို့အရေးမို့၊
အမျိုးသားရေး သမိုင်းပေးကို၊
သင်နှင့်မဆိုင် ဘေးမထိုင်နှင့်၊
သင်ကတုတ်ဆွဲ၊ ငါကဓါးဆွဲမည်၊
အားလုံးကိုယ်စီ ရဲစိတ်ညီလော့။ ။
Saturday, November 15, 2008
အရှင်ဂမ္ဘီရ - ရွှေဝါနဲ့ ရွှေမြန်မာကို အလှဆင်စေခဲ့သူ
| ကိုမော် |
| သောကြာနေ့၊ နိုဝင်ဘာလ 14 2008 13:22 - မြန်မာစံတော်ချိန် |
ရွှေဝါရောင်ကို ဦးဆောင်ရာမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တပါးလည်းဖြစ်၊ သံဃတပ်ပေါင်းစုအဖွဲ့ကြီးရဲ့ ခေါင်းဆောင်တပါးဖြစ်သူ အရှင်ဂမ္ဘီရ ဖမ်းဆီးအကျဉ်းချ ခံထားရတာဟာ နိုဝင်ဘာလ ၄ ရက်နေ့မှာ တနှစ်တင်းတင်း ပြည့်သွားခဲ့တယ်။ အရှင်ဂမ္ဘီရဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင်း တနေရာမှာ ဖခင်ဖြစ်သူနဲ့အတူ အာဏာပိုင်တွေရဲ့ လက်ပါးစေတွေက ရိုက်နှက်ဖမ်းဆီးတာကို ခံခဲ့ရသူပါ။ တကယ်တော့ သူဟာ သက်တော်အားဖြင့်လည်း ၂၉ နှစ်သာရှိသေးတဲ့ ငယ်ဖြူ စာသင်သား သံဃာတော်တပါးပဲ ဖြစ်ပါတယ်။သိုပေမယ့် မျက်မှောက်ကာလ ဒကာ၊ ဒကာမတွေ ခံစားကြုံတွေနေကြရတဲ့ အခက်အခဲ၊ အကျပ်အတည်း မျိုးစုံရဲ့ အခြေခံဇစ်မြစ်ဟာ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ တဖက်သတ် ဗိုလ်ကျ အနိုင်ကျင့်နေတာတွေကြောင့်ပဲ ဖြစ်တယ်လို့ သိမြင်နားလည်လာတဲ့ အချိန်မှာတော့ လျစ်လျူရှု မနေနိုင်တော့ဘဲ မိမိနဲ့အတူ တခြား ရဟန်း သံဃာတော်များကပါ ပူးပေါင်းပါဝင် ဖြေရှင်ပေးနိုင်ဖို့အတွက် စာသင်သား လောကကို စွန့်ခွာပြီး ကြိုးစား အားထုတ်ခဲ့ပါတော့တယ်။ အခုဆိုရင် သံဃာ့သမိုင်းမှာ ကဗ္ဗည်းထိုးရမယ့် သံဃာတော်များ မေတ္တာပို့သ ဆန္ဒပြမှုကြီးဟာလည်း ၀င့်ဝင့်ကြွားကြွားနဲ့ ဂုဏ်ပြောင်နေဆဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အရှင်ဂမ္ဘီရကတော့ အကျဉ်းထောင်မှာ အကျဉ်းစံနေရပါတယ်။ ပြီးခဲတဲ့ စက်တင်ဘာလ ၁၀ ရက်နေ့တုန်းက မိသားစုဝင်တွေ အဖမ်းခံရတာရယ်၊ စက်တင်ဘာ နှစ်ပတ်လည် နေ့ရယ်ကြောင့် အရှင်ဂမ္ဘီရဟာ စိတ်ဖိစီးမှုဒဏ်တွေကို ပြင်းထန်စွာ ခံစားနေရတဲ့ ကာလမှာ အကျဉ်းထောင်တွင်း တာဝန်ရှိတဲ့ ရဲမှူးတွေ လာကပ်တဲ့ နွားနို့ကို ဘုန်းပေးမိတဲ့အတွက်လည်း အဲဒီနေ့မှာပဲ ၃ ခါ အန်ပြီး ဆေးရုံတင်လိုက်ရတယ်လို့ သိရတယ်။ အဖမ်းဆီးခံရခြင်း တနှစ်ပြည့် နှစ်ပတ်လည်ကာလမှာကို အရှင်ဂမ္ဘီရဟာ အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေး ဆိုးဝါးစွာ ခံစားနေရလေရဲ့။ ဆေးရုံတက်ပြီးမှ သိရတဲ့ ကျန်းမာရေး အခြေအနေတွေက အကြောင်းအရာ တခုခုကို စဉ်းစားလိုက်ရင် ခေါင်းကိုက်တယ်၊ ဇက်ကြောတွေ တက်လာတယ်၊ ဘာကိုမှ လေးလေးနက်နက် စဉ်းစားလို့ မရဘူး ဖြစ်သွားတဲ့အပြင်ကို လူကလည်း ပိန်ချုံးကျသွားလိုက်တာ အရိုးပေါ် အရေတင်ပါပဲလေ။ ဒိအပြင်ကို ထူးဆန်းတာက ထောင်ဝင်စာ ပုံမှန်တွေ့နေတဲ့ အမတော်ကြီးကို တခါမှ မပြောဘူးခဲ့တဲ့ ''နိုင်ငံရေး မလုပ်ပါနဲ့၊ ပေါက်မြို့မှာပြန်ပြီး အေးအေးဆေးဆေး နေပါ၊ သူကိုလည်း ထောင်ဝင်စာ တွေ့မနေပါနဲ့တော့'' အစရှိတဲ့ စိုးရိမ်တဲ့ စကားလုံးတွေနဲ့ ခဏခဏ ထပ်မှာနေတဲ့အပြင် ပုံစံကလည်း အရမ်း စိုးရိမ်စိတ် ကြီးနေတဲ့ ပုံပဲလို့ ကြားသိရတော့ စာရေးသူအနေနဲ့ အတော့်ကို အံ့သြမိသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ စာရေးသူနဲ့ အရှင်ဂမ္ဘီရနဲ့ အနီးကပ်နေခဲ့ဖူးတော့ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်ပုံတွေကို မျက်မြင်ကိုယ်တွေ့ သိရှိထားရသူ ဖြစ်နေတဲ့အတွက် အံ့သြမိတာပါပဲ။ သူနဲ့ စကားပြောလိုက်မှဖြင့် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းကကို လွတ်တယ်မရှိဘူး။ သူ စဉ်းစားတွေးခေါ်နေတဲ့ အကြောင်းအရာ မှန်သမျှဟာလည်း မြန်မာပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ နည်းလမ်းတွေပါပဲ။ ဒါမှ နှစ်ဦးနှစ်ဖက် မနစ်နာစေဘဲ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်မယ်လို့ သူကိုယ်တိုင် ခံယူထားပြီး ကြိုးစားနေတယ်ထင်ရဲ့။ အရှင်ဂမ္ဘီရရဲ့ ဘွဲတော်အရင်းက စန္ဒောဘာသ။ သူ့ကို သူငယ်ချင်း အပေါင်းအသင်းတွေက ဗိုလ်စံ ဘာတွေလုပ်နေတုန်းဗျလို့ မေးတဲ့အခါတိုင်း သူ ပြန်ဖြေလေ့ရှိတာက ''တပည့်တော် ဗုဒ္ဓအလိုတော်ကျ ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ ဆိုတဲ့အလုပ်တွေကိုပဲ ပုံမှန်လုပ်ဖြစ်နေပါတယ် ဘုရား'' တဲ့။ အရှင်ဂမ္ဘီရဟာ အဲသလို ရည်မှန်းချက်ကြီးမားသလို စိတ်ထားကလည်း ဖြုစင်သန့်ရှင်းရုံမက ပေးဆပ်မှုတွေကလည်း များပြားလှပါတယ်။ သို့ပေမယ့်လည်း သူ ပြန်လည်ရရှိတဲ့ ခံစားပိုင်ခွင့်တွေကျတော့ အဘက်ဘက်က နိမ့်ကျလှပါတယ်။ စာရေးသူတို့ ရန်ကုန်ကို အရှင်ဂမ္ဘီရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပထမဦးဆုံးအကြိမ် ရောက်တုန်းကဆိုရင် အောင်မင်္ဂလာ အဝေးပြေးကွင်းကို လာကြိုတဲ့ အရှင်ဂမ္ဘီရရဲ့ ပုံစံဟာဖြင့် အတော့်ကို ဘ၀င်ကျစရာ မကောင်းလှပါဘူး။ ဆံပင်က လက်မ၀က်သာသာ ရှည်ပြီး၊ ထိုင်းပိုး သင်္ကန်းကို ဂျွတ်တက်အောင်ဝတ်ထားကာ ပိုးလွယ်အိတ် ခပ်ညစ်ညစ်ထဲမှာ ပစ္စည်းအပြည့်ထည့်ပြီး လွယ်ထားတဲ့ သူ့ပုံစံလေးကို ခုထက်ထိ မြင်ယောင်နေမိပါသေးတယ်။ အဲဒီတုန်းကဆို ''ဒီဘုန်းကြီးကွာ ဘုန်းကြီးမပီသဘူး။ တော်တော်ကို ပေတိပေစုတ် နိုင်တာပဲ'' လို့ပြောကြတာတွေ ကြားဖူးပါရဲ့။ ရေနံချောင်းမြို့ ဆိုတာကလည်း ရေနံချောင်းသား စကားငှားသုံးရရင် "အစိုးရက အညိုရောင်ဆိုလား၊ အမဲရောင်ဆိုလား။ အဲသလိုသတ်မှတ်ပြီး ဘာတခုမှ ဖွံ့ဖြိုးအောင် ဆောင်ရွက်မပေးလို့ မြို့က စုတ်ခြာခြာဖြစ်နေတာတဲ့" တကယ်တော့ ရေနံချောင်းဆိုတာက အချက်အချာကျတဲ့ သမိုင်း အစဉ်အလာကြီးမားတဲ့ မြို့တမြို့ဖြစ်ပြီး နိုင်ငံရေးအရလည်း တက်ကြွမှုအပြည့်ရှိတဲ့ မြို့ပဲကိုး။ အဲသလို အသင့်အတင့် ပြည့်စုံနေတဲ့ စာသင်သားတွေဆိုတော့ အရှင်ဂမ္ဘီရရဲ့ အပေါ်ယံ ရုပ်ပုံလွှာကိုကြည့်ပြီး အတင်းပြောတာ (တနည်း) သုံးသပ်တာ ဖြစ်လေ့ဖြစ်တာရှိတဲ့ သဘာဝတခုလိုပါပဲ။ ဒါပေမဲ့ သူနဲ့ စကားပြောလိုက်မှဖြင့် လူပုံစံ စုတ်ခြာခြာ နိုင်သလောက် စကားအရာ၊ ဒီထက် ချုံ့ပြောရရင် စိတ်ထားအရာမှာကျတော့ သိက္ခာအပြည့်ပဲ ဖြစ်နေလေတော့ မလေးစားဘဲ ဘယ်နေနိုင်တော့မလဲ။ အံ့သြတကြီးကို ဖြစ်ခဲ့ရတာပေါ့။ ဒီထက် အံ့သြစရာကောင်းတာက သူ့မှာ အဲဒီ သင်္ကန်းတစုံနဲ့ ရေလဲစရာ သင်းပိုင်တထည်၊ တခြား ကိုယ်ပတ် သင်္ကန်းလေးတထည်သာ ရှိတာကြောင့် အဲဒီသင်္ကန်းကို လျှော်လိုက်မှဖြင့် သူ အပြင်ထွက်ဖို့ အဆင်မပြေနိုင်ပဲ ဖြစ်သွားပြီး အလုပ်တွေ နှောင့်နှေးကုန်မှာကို ငဲ့ညှာနေတာကြောင့်ပဲလို့ စာရေးသူ နားလည် သဘောပေါက်လိုက်ချိန်မှာတော့ တကယ့်ကို လေးလည်းလေးစား၊ သနားလည်း သနားမိတော့တာပါပဲ။ သူဟာ စာသင်သားတို့ ရသင့်ရထိုက်တဲ့ လာဘ်လာဘတွေ မရရှိတော့တဲ့အပြင် အရင် ရှိရင်းစွဲကျောင်းမှာ ရှိပြီးသား အသုံးအဆောင်လေးတွေကိုတောင်မှ လုံခြုံရေးအရ ဂရုမစိုက်နိုင်အားတော့ဘဲ ရှိသမျှနဲ့ ရောင့်ရဲပြီး နိုင်ငံအရေး အားထုတ်တော်မူတာပါ။ အဲဒီလို ဘ၀ဖြတ်သန်းမှုရဲ့ ဒဏ်တွေကို ကြံ့ကြံ့ခံပြီး နိုင်ငံအရေး အားထုတ်၊ အားပေးခဲ့တဲ့ ကိုယ်တော်ဟာ အခုတော့ သူ့အမကို နိုင်ငံရေးမလုပ်ဖို့ တားမြစ်နေတယ်ဆိုတော့.. ။ ဒါနဲ့ ဇနီးသည် (အရှင်ဂမ္ဘီရရဲ့ အမတော်အငယ်) ကို အရှင်ဂမ္ဘီရအကြောင်း စေ့စေ့စပ်စပ် မေးကြည့်တော့မှ အရှင်ဂမ္ဘီရဟာ ကိုယ်တိုင်ခံစားရတဲ့ အခက်အခဲ ဒုက္ခတွေကို ဂရုစိုက်လေ့ မရှိပေမယ့် သူ့ကြောင့် သူ့ရဲ့ မိသားစု၊ ဆွေးမျိုးညာတိ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်လာရင်တော့ စိုးရိမ်စိတ် အလွန်ကြီးမားသူဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့ရတယ်။ ဒါကို ကောင်းကောင်း သဘောပေါက်နေတဲ့ အာဏာပိုင်တွေကလည်း အရှင်ဂမ္ဘီရကို ဖိအားပေးသတဲ့။ စာရေးသူနဲ့ ဇနီးသည်ဖြစ်တဲ့ အရှင်ဂမ္ဘီရရဲ့ အမတော်အငယ်တို့ ရှောင်တိမ်းနေရတဲ့ကာလမှာ အမတော်အငယ်ဖြစ်သူနဲ့ သူ့အမျိုးသားကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းကို နေ့ရက်အတိအကျ၊ အချိန်၊ နေရာ၊ လက်ရှိ ချုပ်ထားတဲ့ အဆောင်နံပါတ် အစရှိတဲ့ အချက်အလက်တွေနဲ့ အယုံသွင်းတဲ့အပြင် ညီတော်ဖြစ်သူနဲ့ အမတော်အကြီးရဲ့ အမျိုးသားဖြစ်သူ နှစ်ဦးစလုံးကို တပြိုင်နက် ဖမ်းပြလိုက်တော့ မိသားစုကို သံယောဇဉ်ကြီးပါတဲ့ အရှင်ဂမ္ဘီရ ဘယ်လိုခံစားနေရမလဲ တွက်သာကြည့်ပါတော့လေ။ ဒီ့အပြင် အမတော်ဖြစ်သူကလည်း မွေးခါနီးဖွားခါနီး ကိုယ်ဝန်ဆောင် မိခင်လောင်း ဖြစ်နေပြီး၊ မိဘနှစ်ပါးက ဆိုရင်လည်း အသက် ၇၀ ကျော်မှ ဆေးပေးမီးယူ အားကိုးစရာ သားသမီးတွေ တယောက်မှ အနားမှာ မရှိဖြစ်နေတာကို အရှင်ဂမ္ဘီရ ဘယ်လိုလုပ် မေ့ထားလို့ ရနိုင်ပါ့မလဲ။ သို့ပေမယ့် အရှင်ဂမ္ဘီရဆိုတဲ့ သံဃာ့အာဇာနည် ခေါင်းဆောင်တပါးဟာ နအဖ ထံ ဒူးထောက်ပြီး အဓမ္မကို ဘယ်တော့မှ အားပေးအားမြှောက် လုပ်မှာမဟုတ်ဘူး ဆိုတာကတော့ အသေအချာပါပဲ။ အရှင်ဂမ္ဘီရ ဖမ်းဆီးခံရခြင်း နှစ်ပတ်လည်မှာ အရှင်ဂမ္ဘီရကို ဒီစာလွှာနဲ့ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။ ကိုမော်(စာရေးသူသည် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်သည်။)မဇ္ဈိမ သတင်းဌာန |
Friday, October 31, 2008
လေ့လာစရာ အဖြာဖြာ
စာအုပ်စုတာ ၀ါသနာတခုလိုဖြစ်နေတာမလို့ အရှင်ကုမာရ ၀ဘ်ဆိုဒ်မှ စာအုပ်များအား ရှာဖွေဖတ်ရှု့ရင်းက မိမိဘလော့သို့ ရောက်လာကြသူ များထိုလူတို့အား အလွယ်တကူ ကူးယူနိုင်ရန် ပြန်လည်မျှဝေလိုက်ရခြင်းဖြစ်ပါ၏..
အရှင်ကုမာရ ၀ဘ်ဆိုဒ်တွင်ကား ထိုထက်မက များလှစုံလင်ပါ၏။
အခွင့်အခါသင့်ရင်ဖြင့်လည်း မိမိ၏ ကိုယ်ပိုင်စုစည်းထားသော စာအုပ်များအား အီးဘွတ်ခ် အဖြစ် ကြိုးစားတင်ဆက်ပေးသွားမည်ဖြစ်သလို ကောင်းနိုးရာရာ စာအုပ်များအားလည်း ရှာဖွေ တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။
စာပေ၀ါသနာရှင် မိတ်ဆွေအပေါင်းတို့ လေ့လာတော်မူကြပါကုန်။
၁။ ကောင်းမှု့တော်ဘုရားသမိုင်း
၂။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်
၃။ မိုးကုတ်ဆရာတော်ကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ်
၎။ သိပ္ပံနှင့် ဗုဒ္ဓအဘိဓမ္မာအမေးအဖြေ
၅။ ရတနာ့ဂုဏ်ရည် (အရှင်ဇနကာဘိဝံသ)
၆။ ကိုယ်ကျင့်အဘိဓမ္မာ
၇။ သာသနာ့အမွေကို ခံယူခြင်းနှင့် ငါလုပ်ချင်တာ
၈။ ချမ်းမြေ့ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်း
၉။ နားလည်နိုင်ခြင်း၏စွမ်းအား
၁၀။ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်
၁၁။ မေတ္တာသုတ်(ဦးသုခ)
၁၂။ မြတ်ဗုဒ္ဓသာသနာ့ အခြေခံ
၁၃။ ၁၉၃၀ တ၀ိုက် မြန်မာ့နိုင်ငံရေး သမိုင်း
၁၄။ ကဗျာ့နန်းတော်ကြီး
၁၅။ ကမ္ဘာငြိမ်းချမ်းရေးဗိသုကာ ဦးသန့်
၁၆။ ကမ္ဘာ့စာပေတစေ့တစောင်း
၁၇။ ကမ္ဘာ့နေကြီးရက်ကြီးများနှင့် မြန်မာ
၁၈။ ကုန်းဘောင်ရှင်းတမ်း
၁၉။ ကုန်းဘောင်ရွှေပြည်
၂၀။ ကမ္ဘာကျော်ဝတ္ထုတိုများနှင့်တက်တိုး
၂၁။ ကြောက်ရွံခြင်းမှ ကင်းလွတ်ရေး
၂၂။ ကွန်ပြူတာသုံးစွဲသူတိုင်းအတွက် အင်္ဂလိပ်စာ
၂၃။ ခေါင်းဆောင်နှင့်အတွေး
၂၄။ ကျွန်ုပ်တို့ အမှန်တကယ်ယဉ်ကျေးကြပြီလောနှင့်.
၂၅။ ကျေးဇူးရှင်
၂၆။ ကုန်းဘောင်ပြင်သစ်
၂၇။ ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ သိမှတ်ဖွယ်
၂၈။ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ
၂၉။ ညီသစ်ဆင်းကဗျာစု (ဇော်ဂျီ)
၃၀။ နေသူရိန်မှတ်တမ်း
၃၁။ ကဗျာရေးနည်း (မောင်ဘိုသစ်)
၃၂။ အရေးတော်ပုံလေးစောင်တွဲ
၃၃။ငါနဲ့မတူငါ့ရန်သူ
Sunday, October 26, 2008
ဤသံသရာထဲ ၀ဋ်ဆင်းရဲမှ
လွတ်မြောက်ပါရန် ရည်စိတ်သန်၍
လူ့ဘောင်ရှုပ်ထွေး အညစ်အကြေးမှ
ဆေးကြောသုတ်သင် လွတ်အောင်ပြင်လော့
လူ့ဘုံလောက လူ့ဘ၀ကား
ချမ်းသာဆင်းရဲ လက္ခဏာမမွဲ (အနိစ္စ၊ဒုက္ခ၊အနတ္တ)
ဧကန်အမြဲ ကြုံတွေ့ရမည်
အမှန်ပင်တည်း။
သို့လျင်သော်ကား
အိုလူသား သင့်မှာစွမ်းပကား
များပြားလှဧ။်။
သတ္တလောက ဤဘ၀မှ
ချုပ်ငြိမ်းလုံးစုံ နိဗ္ဗာန်ဘုံသို့
တက်လှမ်းရန်သာ လုံလဆောင်ပါ၊
ဒါန၊သီလ၊သမထ အခြေခံလမ်း
ဖြည့်စွမ်းကာဖြင့် ၀ိပဿနာတရား
ရှုပွားပါလေ အိုမိတ်ဆွေ။
ကိုမော်။
Wednesday, October 22, 2008
ကိုလိုနီခေတ် အသည်းနာ၊
ဆတ်ဆတ်တုန်ဗျာ။
ပျောက်ချင်ပါရဲ့ သည်အနာ၊
ဂျပန်ဆရာ ခေါ်ကာပင့်၊
ထပ်ဆင့်အသည်းနာ။
ဒါနဲ့ပါမြန်မာဆရာ၊
ယုံမှတ်ကာပုံအပ်ပါမှ၊
လူနာရှင် ကံကဆိုး၊
ရမ်းကုနဲ့တိုး။
(သကျရဟန်းပျို)
စက်တင်ဘာ နောက်ကြောင်း၊
ရင်မချိ အသဲနာ၊
ဆယ်ကမ္ဘာ ကြေနိုင်ရိုးလား။
မအေရိုး ငတေမာ၊
ဒင်းတို့ဟာ ရက်စက်လေအား။
ကိုယ့်အမျိုး ကိုယ့်ဘာသာ၊
မညှာတာ မထောက်ထား။
သတ်ဖြတ်ကာ ချုပ်နှောင်၊
လူဝတ်တောင် လဲလိုက်သဗျား။
ဒါနဲ့ပ ဟုတ်ပေါင်၊
မြတ်ဘုန်းခေါင် ခြေတော်ရင်း၊
စစ်ခင်းလို့ ခင်းဗျာ။
ဖဘုရား ကျောင်းတော်ရာ၊
စစ်တလင်း ဖြစ်ပေါ့သည်ခါ။
ဇွတ်အတင်းပ ၀င်ရောက်ခါ၊
ထေရ်သံဃာ ဖမ်းရိုက်သဗျား။
မထေရ်အပေါင်းရဲ့ ခေါင်းပေါ်မှာ၊
ခြေတော်ရာ ကျပေါ့လကွား။
ဒါနဲ့လဲ ဟုတ်ပေါင်၊
အချုပ်အနှောင် ထောင်အိမ်ကြား၊
ဝါကပ်ရရှာ။
စာတတ်တဲ့ ဘုန်းမဟာကို၊
ကတုံးဝါ ရှင်အတုလို၊
သင်သမု ဘွဲတပ်ပြန်ရှာ။
မကြားဝံ့ မနာသာ၊
စိဉ္ဖမာ သူဝင်စား။
သာသနာဖျက်တဲ့ နရက်ကောင်ကို (နရက်-ငရဲ)
မနက်တောင် တွေ့ချင်ဘုဗျား။
(သကျ-ရဟန်းပျို )
အတုမရှိ ဗုဒ္ဓမြတ်စွာ
အဓိဋ္ဌာန်
ငြိမ်း ချမ်းရေးဗိသုကာကြီး
ခေတ်ကာလ၏ အကောင်းအဆိုးမှာ လူတို့၏ လက်တွင်းတွင်ဖြစ်ပေသည်၊ အိုးထိန်းသည်၏ လက်တွင်းရှိ ရွှံ့စေးကဲ့သို့ ခေတ်ကာလမှာမူ လူတို့၏ပြုပြင်ရာပင် ဖြစ်ပေသည်
‘ သားမြေးတို့တွက် ကြိုးစားစို့ ’
--------------------
• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• ကြွားရင်းနှင့် နစ် ၊ ဝါး ရင်း နစ်သည့်
နစ်လျက် နေပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• အကောင်း ဆိုးထင် ၊ ဆိုးကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• သူ့ကို ငါ ညှိုး ၊ ငါ့ သူ ညှိုး နှင့်
အညှိုးကြီး ပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာ ရောက်လိမ့် နောင်အဖို့ ၊၊
• နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊၊
ဆရာကြီး - မင်းသုဝဏ်
လွတ်လပ်ရေး ဖခင်ကြီး
တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ပဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စံနစ်ဆိုးမျိုး ရှိနေရင် အများပြည်သူတို့ ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်
မှတ်သားဖွယ်ရာ အဆိုအမိန့်
လူငယ်တွေအနေနဲ့ အနာဂတ်ကို ရင်ဆိုင်တဲ့အခါ ထွက်ပေါက်ထက် ပိုပြီးအရေးကြီးတာက ဖောက်ထွက်ဖို့ ပဲဖြစ်ပါတယ်။ ဖောက်ထွက်ဖို့ကို စဉ်းစားကြပါ။ ဖောက်ကိုထွက်ရမယ့် အနာဂတ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ အမြဲတမ်း ထွက်ပေါက်ကို ချည်း စဉ်းစားမနေဘဲ ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။... အဘဦးဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲချုပ်)
လူထုခေါင်းဆောင်
အောင်ဆန်းတံခွန် လူရည်ချွန်ကား ထက်ကောင်းကင်ထု ကြယ်တွေကိုစု မှိန်အောင်ပြုလည်း မမှေးဧကန် ကြည်မြဲအမှန်........................ ကိုမော် ။
ရှစ်လေးလုံး လူထုအရေးတော်ပုံ
အဓိဌာန်
ငါ၏ဘာသာ ငါ၏သာသနာ ငါ၏အမျိုး ထိုအကျိုးကို ဆဆတိုးအောင် ငါကျိုးဆောင်မည် ငါသည်အောင်အံ့။
စိတ်အမှန်
ဤသို့ ... ဆိုချင်ပါ၏.။
မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်၊
တွေးဖွယ်ထိုက်ရာ၊ တပိုဒ်တလေ၊
တွေ့ငြားပေမူ၊ စာပေကျေးကျွန်၊
ငါဝတ်ပွန်ပြီ၊ ငါမွန်အမြတ်၊
ငါအတတ်ဟု၊ စာဖတ်သူပေါ်၊
ခေါင်းကိုကျော်၍၊ ငါသော်ဆရာ၊
မလုပ်ပါတည်း။ ။
(တက္ကသိုလ်ဘုန်းနိုင်..)
ကျနော်အနေနဲ့ ဒီဘလော့လေးကို ဖန်တီး ပုံဖော်နေတာဟာ...
ဘာရယ်လို့တော့ ရည် ရွယ်ချက် ကြီးကြီးမားမား မရှိပါဘူး။
ကျနော်ရပ်တည် ရှင်သန်နေရာ အခြေ အနေ တရပ်အပေါ်မှာ
ကျနော်စွမ်းနိုင်သည့် အနေအထားအရ အုတ်တချပ် သဲတပွင့်ပမာ ပါဝင်အားဖြည့် ခြင်းသာဖြစ်ပါ၏။
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သစ္စာဆိုတဲ့ ကဗျာလေးလိုပါပဲ...
စာဖတ်သူ မိတ်ဆွေများအတွက် တစုံတခု သော အကျိုးကျေးဇူး အနည်းငယ်မျှ ရရှိစေသည် ဆိုပါလျှင်ကား....
ကျွန်ုပ်ဝမ်းမြောက်ပီတိ ဖြစ်မိပါ၏။
ကိုမော်။
မှတ်တမ်းလေး ရေးခဲ့ပါဗျာ
Category
- ကဗျာ (8)
- စာအုပ်စင် (၃၂) (1)
- ဆောင်းပါး (3)


တကယ်တော့ သူဟာ သက်တော်အားဖြင့်လည်း ၂၉ နှစ်သာရှိသေးတဲ့ ငယ်ဖြူ စာသင်သား သံဃာတော်တပါးပဲ ဖြစ်ပါတယ်။